နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ ဇမ္ဗူသီရိမြို့နယ်၌ မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက်တပ်ဆင်ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၂၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ဆောင်ရွက်နေမှုနှင့် MEVM စက် တပ်ဆင်ဆောင်ရွက်နေမှုအား ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဝင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကြီးရဲမိုးက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၁၄၀) အခြေခံပညာမူလတန်းလွန်ကျောင်းတို့တွင် ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံမှုရှိရေး၊ မဲရုံများသို့ မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ထားရှိမှု၊ ကြိုတင်မဲပုံးများ ထုတ်ယူထားရှိမှုအခြေအနေ၊မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုနှင့်MEVM စက် တပ်ဆင်ဆောင်ရွက်နေမှုတို့အားကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြကြောင်း သိရှိရသည်။

နီလာ(ပြန်/ဆက်)