တနင်္သာရီ ဒီဇင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ယနေ့နံနက်ပိုင်းက မဲဆန္ဒရှင်စာရင်းများအား တတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ ပြည်သူများ လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တတိယအကြိမ်ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းအား ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာအုပ်စု (၇) အုပ်စုတွင် တတိယအကြိမ် ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအရ မဲပေးပိုင်ခွင့်ရှိသူ (၉၆၆၉) ဦးရှိပြီး လျာထားမဲရုံ (၁၀) ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်ရွှန်းလဲ့ရည်ထံမှ သိရသည်။
သီသီခိုင်(တနင်္သာရီ)