သန်လျင်မြို့နယ်၌ "ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့်ဖြန့်ဝေ
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှုမရှိစေရေးပြည်သူများ အားလုံးပါဝင်၍ လွတ်လပ်စွာဆန္ဒမဲပေးနိုင်ရေး" ဒို့အတူတူမဲပေးကြမယ်" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်တွင် သန်လျင်မြို့ လူစည်ကားရာနေရာများ၌ ဖြန့်ဝေခဲ့ကြသည်။