သရက်ချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံ (၅၉၄)ဧက စိုက်ပျိုးပြီးစီး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူများက တစ်ဖက်တစ်လမ်းမှ မိသားစုအပိုဝင်ငွေရရှိရန်ရည်ရွယ်၍ တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်းသီးနှံ(၅၉၄)ဧက စိုက်ပျိုးပြီးစီး၍ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများအား အသိပညာပေးလုပ်ငန်းများနှင့် ကွင်းဆင်းဆေးကုသခြင်းလုပ်ငန်းဆောင်ရွက်

ကျောင်းသား/သူများ ဘက်စုံကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ စာပေအသိပညာမြင့်မားတိုးတက်စေရေးတို့ကို ရည်ရွယ်ကာ ယနေ့နံနက် (၁၀)နာရီအချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ဘိုကလေးမြို့နယ်၊ အ.မ.က(ဓမ္မာရုံ)ကျောင်းသို့ ကွင်းဆင်းကာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာနက အဆိုပါကျောင်းရှိ ကျောင်းသား/သူများအား တိုင်းရင်းဆေးဖြင့် ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုးသဘောတူစာချုပ်အား လက်မှတ်ရေးထိုး ချုပ်ဆိုမည့်အခမ်းအနားသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Petro & Trans Co.,Ltd တို့အကြား မြိတ်မြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ ပထမအကြိမ်သက်တမ်းတိုး သဘောတူ စာချုပ်အား လက်မှတ်ရေးထိုးချုပ်ဆိုမည့် အခမ်းအနားကိုယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ  ညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် မြို့နယ်အတွင်း ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်‌ရေးလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင် မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ပြည်သူများအား (Biometric Data) ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းဆောင်ရွက်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရုံးဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ‌ရာ ယနေ့နံနက်ပိုင်းက သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့‌ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဟန်ဇော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။

ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ဝက်ချောင်းတိုက်နယ်ဆေးရုံ၌ ကွင်းဆင်းကုသ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများအဖွဲ့သည် ဝက်ချောင်းတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က ကွင်းဆင်းကုသပေးခဲ့ကြကြောင်း သိရသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွက် မြို့ရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေတို့ဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်(၄) ရပ်ကွက်နှင့် စည်ပင်သာယာနယ်နိမိတ်အပိုင် စံပြကျေးရွာများအတွက် လမ်း၊ တံတား၊ ရေမြောင်းပလက်ဖောင်းပြုလုပ်ဆောင်ရွက်ခြင်းလုပ်ငန်းများကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြင်းခြံမြို့ အ.ထ.က(၁)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား ကျင်းပ

မြင်းခြံမြို့ အ.ထ.က(၁)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အ.ထ.က (၁) ဧရာဝတီခန်းမ၌ ကျင်းပကြောင်း သိရသည်။

စလင်းမြို့ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မကျီးပင်ပုကျေးရွာအုပ်စု၊ ကူတိုကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ကျောင်းတွင်းအားကစားနှင့်ဘက်စုံဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ဇန်နဝါရီလ(၉)ရက် နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းရှိ စာသင်ဆောင်အတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Subscribe to