မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ‌စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့်ပြပွဲများ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်း၊ ဟောပြောပွဲနှင့် ပြပွဲများ ကျင်းပခဲ့သည်။

ပြင်ဦးလွင်မြို့နယ်အတွင်း ကျေးလက်လမ်းများအဆင့်မြှင့်တင်ဆောင်ရွက်လျက်ရှိ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ(GRF)မှ ကျပ်( ၃၈ ဒသမ ၉၈)သန်းဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော ပြင်ဦးလွင်- ချောင်းကွေ့-ပန်းဦးတောင်ကျေးရွာချင်း ဆက်လမ်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒု သုံးလက်မ) နှင့် စည်သာ-စည်ကား-တွင်းငယ်ကျေးရွာချင်း ဆက်လမ်း ဂျင်းလမ်းခင်းပြုပြင်ခြင်းလုပ်ငန်း အရှည် ၀/၃.၅ မိုင်၊  အကျယ် ၁၈ ပေ၊ ဒုသုံး လက်မ) ဆောင်ရွက်နေမှုနှင့် ပြည်ထောင်စုလမ်း ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေကျပ်( ၁၉ ဒသမ ၆၅) သန်းဖြင့် ဆောင်ရွက်လျက်ရှိသော အုတ်ဖို-ပန်းဦးတောင်-ကုန်းကော်ကျေးရွာချင်းဆက်လမ်း ဂျင်းခင်း ပြုပြင်ခြင်း လုပ်ငန်း အရှည်  ၀/၃.၅ မိုင်၊ အကျယ် ၁၈ ပေ၊ ဒုလက်မ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဇေယျာဝင်း ကွင်းဆင်းစစ်ဆေးရာ လုပ်ငန်းအရည်အသွေး ကောင်းမွန်စေရေးအတွက် စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကျောက်တံတားမြို့နယ်တွင် ဒို့အတူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ရွေးကောက်ပွဲ လှုံ့ဆော်ရေး ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက အမှတ် (၁) ရပ်ကွက်ရှိ ဆူးလေဘုရားလမ်း၊ ဆူးလေမှတ်တိုင်၌ ဖြန့်ဝေခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ်၌ ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်များ အရှိန်အဟုန်မြှင့် ဆက်လက်ဖြန့်ဝေလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်ရေးအစီအစဉ်များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လယ်ပိုင်းအချိန်က ဒို့အတူတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေဆောင်ရွက်ခဲ့သည်။

တိုက်ကြီးမြို့နယ်၌ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မကြာမီကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်သူများ ပိုမိုပါဝင်မဲပေးနိုင်ရေး ရည်ရွယ်ကာ “ဒို့အတူတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၁ နာရီက တိုက်ကြီးမြို့ YBS ကားဂိတ်၊ သုံးဘီးဂိတ်များ၊ တာဂွကျေးရွာ၊ ပုတ္တကျေးရွာနှင့် လူစည်ကားရာနေရာများ၌ ပြုလုပ်သည်။

(၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ အာဂုံပြန်ဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူးကျင်းပသော (၇၈) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲ ဒုတိယနေ့ အာဂုံပြန်ဆိုခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ဆက်လက်ပြုလုပ်လျက်ရှိသည်။

ကမာရွတ်မြို့နယ်တွင် ရွေးကောက်ပွဲဆိုင်ရာ “ဒို့အတူတူမဲပေးကြမယ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကုန်တ်ုင်းဒေသကြီး ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက လူစည်ကားရာ နေရာများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များ ဆက်လက်ဖြန့်ဝေ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများပိုမိုပါဝင်ဆန္ဒမဲပေးနိုင်ရန်နှင့် မိမိတို့ပါဝင်ဆောင်ရွက်ရမည့် အခွင့်အရေးများ မဆုံးရှုံးစေရန်အတွက် “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်ကို ဖြန့်ဝေလျက်ရှိရာ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် (၁၀) နာရီ၌ အမှတ် (၂၆) ရပ်ကွက်ရှိပြည်သူများနှင့် ပြည်သူများ စည်ကားရာနေရာများတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်သော ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အခမဲ့ဖြန့်ဝေပေးကြောင်း သိရသည်။

ဗိုလ်တထောင်မြို့နယ်အတွင်းရှိ ပြည်သူများ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှု (Campaign) များ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၏ လမ်းညွှန်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပါဝင်မဲပေးနိုင်ရေးအတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် လူစည်ကားရာ‌နေရာများသို့ လှုံ့ဆော်မှု (Campaign) များကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီအချိန်က ဗိုလ်တထောင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ဘိုကလေးစျေးကားမှတ်တိုင်၊ အမှတ် (၇) ရပ်ကွက် (၄၂) လမ်း၊ ဘိုက​လေးစျေး (လဟာပြင်)၊ အမှတ် (၆) ရပ်ကွက် (၄၃) လမ်း စသည့် လူစည်ကားသည့် နေရာများရှိ လမ်းဘေးစျေးဆိုင်များ၊ လမ်းသွားလမ်းလာပြည်သူများအား အခမဲ့ဖြန့်ဝေခဲ့ကြသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာများအား ထုတ်ပေးလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဉက္ကလာပမြို့နယ်၌ နိုင်ငံ့၀န်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်၌ ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to