မြောင်းမြ ဒီဇင်ဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ကံကြီးကျေးရွာအုပ်စု ကံကြီးကျေးရွာ လျှပ်စစ်ဓာတ်အားရရှိမှုဖွင့်ပွဲအခမ်းအနားအား ဒီဇင်ဘာလ (၂၁) ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ဝင် အဖိုးမန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြပြီး ဘင်ခရာအဖွဲ့နှင့် ဒုံးယိမ်းအဖွဲ့များက ဧည့်ခံကြိုဆိုခဲ့ကြပြီးနောက်ကြိုဆိုဧည့်ခံခဲ့သည့်အဖွဲ့များအား အဖိုးမန်းငြိမ်းမောင်က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ကံကြီးကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲဆိုင်းဘုတ်အား အဖိုးမန်းငြိမ်းမောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများက အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကာ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဗဟိုအကြံပေးအဖွဲ့ဝင်သည် ကျေးရွာနေပြည်သူများနှင့်နွေးထွေးရင်းနှီးစွာတွေ့ဆုံခဲ့ပြီး ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ လျှပ်စစ်မီးရရှိမှုအခမ်းအနားအား (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ကံကြီးကျေးရွာအတွက် အိမ်ခြေ (၃၇၂) လုံး၊ အိမ်ထောင်စု (၃၈၅) စုနှင့် သုံးစွဲသူ (၂၂၂)ဦးအတွက် တပ်ဆင်တည်ဆောက်ပေးခဲ့သော ၁၁/၀.၄ ကေဗွီထရန်စဖော်မာ (၂၀၀ ကေဗွီအေ) အမျိုးအစားဖြစ်ကြောင်း သိရသည်။
အောင်ဖြိုး (ပြန်/ဆက်)