သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်းမှ ကလေးသူငယ်များအား ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်မှစတင်၍ သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ဝမ်းတွင်းမြို့နယ်၌ မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေး စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် မဲရုံနှင့် မဲရုံပတ်ဝန်းကျင် မီးဘေးလုံခြုံရေးကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ် မဲဆန္ဒနယ်တွင် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာရန် မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်း၌ ပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ ရပ်ကွက်/ကျေးရွာ ၅၃ အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံရှိပြီး မဲဆန္ဒရှင် ၁၁၀၁၉၁ ဦးရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ အမည်စာရင်းများကို (တတိယအကြိမ်)  ရပ်ကွက် /ကျေးရွာအုပ်စုများရှိ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဒီဇင်ဘာ ၂၃ ရက်‌ နံနက်ပိုင်းမှ စတင်ကြေညာထားကြောင်း သိရသည်။ မြို့နယ်အတွင်း၌  ရပ်ကွက်/ကျေးရွာ ၅၃ အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံရှိပြီး မဲဆန္ဒရှင် ၁,၁၀,၁၉၁ ဦးရှိ ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

မိတ္ထီလာတွင် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းကြိုအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို မူလတန်းကြိုအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား သက်သာသော ဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးခြင်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက်ပိုင်းက မြို့နယ်စီးပွားရေးဘဏ်ခြံ၀င်းအတွင်း ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်တွင် တတိယအကြိမ် မဲစာရင်းကပ်ထားကြေညာ

‎‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်နေပြည်သူများအနေဖြင့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းပါရှိရေး တတိယအကြိမ် မဲစာရင်းကပ်ထား‌ကြေညာထားသည့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၌ မိမိမဲစာရင်းပါရှိရေး စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

လိပ်သိုဒေသတွင် ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ ဈေးကောင်းရရှိ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုဒေသရှိ ဒေသခံတောင်သူများမှာ အာရေဗီးကားနှင့် ရိုဘတ်စတာ ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ ရိုဘတ်စတာ (ROBUSTA) ကော်ဖီသီးများ (ဒေသအခေါ် ကော်ဖီအသေးများ)မှာ ဆွတ်ခူးရောင်းချချိန် စျေးကောင်းရရှိနေကြောင်း သိရသည်။

အလုံခရိုင်၊ အလုံမြို့နယ်တွင် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းပြုလုပ်

အလုံမြို့နယ်၊ ဧရာဝတီရပ်ကွက်၊ သခင်မြပန်းခြံ၊ ကမ်းနားလမ်းနှင့် သခင်မြပန်းခြံလမ်းတစ်လျှောက်ရှိ YBS ယာဥ်လိုင်းဂိတ်များတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံသူ/နိုင်ငံသား အားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ်ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ကမ်ပိန်းကို ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပြုလုပ်ခဲ့သည်။

စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးလူနေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန် ထောက်ပံ့ငွေပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်း၊ လုံးဝပျက်စီးခဲ့သည့် နေအိမ်များ ပြန်လည်တည်ဆောက်ပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံငွေများပေးအပ်ပွဲကို ရန်အောင်မြင်ရပ်ကွက် မြသီတာပန်းခြံအတွင်းရှိ မြို့နယ်ခန်းမ၌ ဒီဇင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီက ကျင်းပသည်။
Subscribe to