ကျောက်ကြီးမြို့နယ်၌ အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ကျောက်ကြီး ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ယနေ့ နံနက် ၉ နာရီအချိန်တွင် နေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ ဇူလိုင်လ၊ သြဂုတ်လနှင့် စက်တင်ဘာလအတွက် (၃)လစာထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါထောက်ပံ့ငွေများကို မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းဦးဆောင်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါပြီး ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာ ဝန်ထမ်း/ပြည်သူများနေထိုင်ရာ ရပ်ကွက်ကျေးရွာများကို ကွင်းဆင်းပြီး တစ်ဦးချင်းအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်တွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာဝန်ထမ်း/ပြည်သူ စုစုပေါင်း (၂၆၅၁)ဦးရှိပြီး ယနေ့တွင် ကျောက်ကြီးမြို့ပေါ် ရပ်ကွက်များနှင့် ဆိပ်ကြီးကျေးရွာတွင် အကြမ်းဖက်ဖြစ်စဥ်များကြောင့် နေရပ်စွန့်ခွာဝန်ထမ်း/ပြည်သူများနေထိုင်ရာအရောက် ကွင်းဆင်းထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)