ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံများ မီးဘေးအန္တရာယ်ကင်း‌ဝေးစေရေး လိုက်လံစစ်ဆေး

ဒဂုံမြောက် ဒီဇင်ဘာ ၂၄

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရွေးကောက်ပွဲဆောင်ရွက်မည့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ယမန်နေ့ နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မဲရုံပြုလုပ်မည့်နေရာများအား မီးဘေးအန္တရာယ်ကင်းဝေးစေအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ မဲရုံတာဝန်ထမ်းဆောင်မည့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ မြို့နယ်မီးသတ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဦးတင်ထွန်းအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင် (၅) ဦး၊ အရန်တပ်ဖွဲ့ဝင် (၃) ဦးတို့နှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ