မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်ဌာနဆိုင်ရာများ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မဲရုံတာဝန်ထမ်းဆောင်မည့်ဌာနဆိုင်ရာများ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယမန်နေ့ ညနေ (၃:၃၀)အချိန်က ခရိုင်ခန်းမ၌ ကျင်းပခဲ့သည်။

တတိယအကြိမ်ထုတ်ပြန်ကြေညာထားသော မဲစာရင်း လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာလ ၂၃ ရက်နေ့က တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိရာ လာရောက်ကြည့်ရှုသော ဒေသခံပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြသခြင်း ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုသင်တန်း ဆင်းပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ ဟိုတယ်နှင့်တည်းခိုရိပ်သာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အရည်အသွေးများ ပိုမိုတိုးတက်လာပြီး ဒေသတွင်းသို့ လာရောက်ကြမည့် ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအား ပြည့်စုံကောင်းမွန်သော ဝန်ဆောင်မှုများကို ပေးနိုင်ကြစေ ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏အစီအစဉ်ဖြင့် တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဖွင့်လှစ်လျက်ရှိသော ဟိုတယ်ဆိုင်ရာ ဧည့်ကြို/ အိပ်ခန်းဆောင်ထိန်းသိမ်းမှု/ အစားအစာနှင့်အဖျော်ယမကာ ဧည့်ခံကျွေးမွေးရေး ဝန်ဆောင်မှု (Level-1) သင်တန်းဆင်းပွဲကို ယနေ့နံနက် (၉) နာရီက Hotel Grand Jade ခန်းမတွင် ကျင်းပသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် တတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုများအား ကြည့်ရှုအားပေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မုံရွာခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ်မဲစာရင်းများ ကပ်ထားကြေညာထားရှိမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့၌ မဲဆန္ဒရှင်စာရင်း တတိယအကြိမ် ကပ်ထားကြေညာ

ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း တတိယအကြိမ် ကပ်ထားကြေညာခြင်းကို ယမန်နေ့နံနက် ၉ နာရီက ဖယ်ခုံမြို့အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများရှိ ကြေညာဘုတ်များ၌ ကပ်ထားကြေညာထားကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌ ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းဆိုင်ရာ ဆင့်ပွားသင်တန်း‌ကို ယနေ့နံနက်ပိုင်းက အ.ထ.က(ပေါက်ခေါင်း)၌ ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် ခရစ္စမတ်နေ့အထိမ်းအမှတ်ဖြင့် ဝတ်ပြုဆုတောင်းခြင်း၊ မိတ်ဆုံစားခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကို ယမန်နေ့က မြို့မရပ်ကွက်ရှိ နှစ်ခြင်းအသင်းတော်မိသားစုတို့၏ ခရစ်ယာန်ကျောင်းဝန်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မိုးညိုမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရန်အတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ၌ ယမန်‌နေ့က စတင်၍ ထုတ်ပြန်ကြေညာထားရှိသည်။

ဒက္ခိဏသီရိမြို့နယ်၌ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းတွင်ပါရှိမှုရှိ/မရှိ ကြည့်ရှုနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာခဲ့ကြကြောင်း သိရသည်။

သရက်မြို့ အစိုးရစက်မှုလက်မှုသိပ္ပံသရက်ကျောင်း၌ “ဒို့အတူ မဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက “ဒို့အတူမဲပေးကြမယ်” အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက အစိုးရစက်မှုလက်မှုသိပ္ပံသရက်ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Subscribe to