ပေါင်းတည်မြို့၌ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ

ပေါင်းတည် ဒီဇင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လုပ်ငန်းများဆိုင်ရာ ဆင့်ပွားသင်တန်းများ ဖွင့်လှစ်ပို့ချ‌ပေးလျက်ရှိသည်။

ထိုသို့ သင်တန်းများ ဖွင့်လှစ်ပို့ချရာတွင် ဒီဇင်ဘာ တတိယပတ်တွင် သတင်းရေးသားနည်းဆိုင်ရာ သင်တန်းဖွင့်လှစ်ပို့ချခဲ့ပြီး ဒီဇင်ဘာလ စတုတ္ထပတ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၏ ပင်မလုပ်ငန်းတစ်ရပ်ဖြစ်သော စာကြည့်တိုက်လုပ်ငန်းများကို ဝန်ထမ်းများအနေဖြင့် စနစ်တကျ ဆောင်ရွက်နိုင်စေရန် ဒုတိယဦးစီးမှူး ဒေါ်နှင်းနုနွယ်က အခြေခံစာကြည့်တိုက်ပညာရပ်များကို စာတွေ့၊ လက်တွေ့ ၂ ရက်တာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ရုံးစာရေးသားနည်း ဆင့်ပွားသင်တန်းကို ဆက်လက် ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရှိရသည်။

ရွှေသား(IPRD)