တောင်ဥက္ကလာပ ဒီဇင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ မဲရုံများ လိုအပ်ချက်များမဖြစ်ပေါ်စေရေး ယမန်နေ့ နံနက်ပိုင်းအချိန်က ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုအပ်မှုများ မဖြစ်ပေါ်စေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းရှိ မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသည့်အခါ လိုအပ်ချက်များ မဖြစ်ပေါ်စေရေး၊ မီးဘေးလုံခြုံရေးနှင့် အခြားသောအန္တရာယ်မဖြစ်ပေါ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လိုက်လံကြည်ရှု၍ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဥဋ္ဌ ဦးဇော်မိုးထိုက်ကလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်မင်းဟန် (ပြန်/ဆက်)