မိုင်းဖြတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မကြာမီကျင်းပတော့မည်ဖြစ်ရာ (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းများကို ယမန်နေ့က သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုများတွင် ကြေညာထားကြောင်း သိရသည်။
ထိုကဲ့သို့ (တတိယအကြိမ်) မဲဆန္ဒရှင်စာရင်း ကြေညာထားခြင်းကို မဲဆန္ဒရှင်ပြည်သူများက မိမိတို့အမည်ပါ/မပါ လာရောက်ကြည့်ရှုခဲ့ကြသည်။ အဆိုပါ မဲဆန္ဒရှင်စာရင်း ကြေညာသည့်အခြေအနေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုခဲ့သည်။
မိုင်းဖြတ်မြို့နယ်တွင် (တတိယ)အကြိမ် မဲဆန္ဒရှင်စာရင်းကြေညာခြင်းကို ဒီဇင်ဘာ ၂၃ ရက်မှ ဇန်နဝါရီလ၅ရက်နေ့အထိ ကြေညာထားမည်ဖြစ်ပြီး (တတိယ)အကြိမ်မဲဆန္ဒရှင် စာရင်းထုတ်ပြန်ချက်အရ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း (၂၁၇၃၆)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)