မြစ်ကြီးနား ဒီဇင်ဘာ ၂၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သည် နှစ်စဉ်မိုးရာသီတွင် ဧရာဝတီမြစ်ရေကြီးမြင့်မှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့်အတွက် မြို့ပေါ်ရပ်ကွက်များတွင် ရေဝင်နစ်မြှုပ်လေ့ရှိသဖြင့် ကချင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုကို ခံယူ၍ ကမ်းထိန်းရေကာတာ လုပ်ငန်းများ၊ ရေထိန်းတံခါးစီမံကိန်းများနှင့် ရေလမ်းကြောင်း ထိန်းသိမ်းရေးလုပ်ငန်းများကိုစီမံချက်ရေးဆွဲဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့နံနက်ပိုင်းတွင် မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများ ပွင့်လင်းရာသီတွင် ဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စီတာပူရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေးရှိ ဗလမင်းထင်အမှတ်(၂)တံတား တည်ဆောက်ရေးစီမံကိန်း ရှင်းလင်းဆောင်၌ ပြည်နယ်လမ်းဦးစီး ဌာန၊ ညွှန်ကြားရေးမှူး၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁) မှ တာဝန်ခံအရာရှိတို့က ဗလမင်း ထင်အမှတ်(၂)တံတား တည်ဆောက်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အတွင်းဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများနှင့် RP-6 ရေလယ်တိုင်တည် ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ ပြည်နယ်ရေအရင်းအမြစ်နှင့် မြစ်ကြောင်းများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစိန်လွင်က ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး မြစ်ကြောင်း ထိန်းသိမ်းရေးအတွက် ဒေသအစီအစဉ်ဖြင့် အပိုင်းလိုက် သောင်တူးခြင်းလုပ်ငန်းများ ဆောင်ရွက်သွား မည့်အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်လမ်းပန်းဆက်သွယ် ရေးဝန်ကြီးက လုပ်ငန်းအစီအမံများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ် က လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဗလမင်းထင်တံတားပေါ်မှတစ်ဆင့် ယခင်နှစ်က ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်ခဲ့သည့် ဗလမင်းထင်တံတားအောက်ဘက်၌ သောင်းတူး ဖော်ခြင်းလုပ်ငန်း အလျား (၄၂၀၀)ပေ၊ အကျယ် (၁၆၅)ပေ၊ အနက် ရေစစ်မျဉ်းအောက် (၁ ဒဿမ ၈) မီတာဆောင်ရွက်နိုင်ခဲ့မှုကြောင့် သဲသောင်ဖြစ်ထွန်းမှု နည်းပါးခဲ့ပြီး ရေကြောင်းလျင်မြန်စွာစီးဆင်းနေ မှု အခြေအနေများနှင့် တံတားအမှတ်(၂) ရေလယ်တိုင် တည်ဆောက်နေမှု အခြေအနေများကို ကြည့် ရှုစစ်ဆေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စု နောင်တာလောကျေးရွာအတွင်း ရေကြောင်း ဖြောင့်တန်းစွာ စီးဆင်းစေရေးအတွက် ဝိုင်းမော်ဘက်ခြမ်းတွင် နောင်တာလော သဲသောင်ခုံအား Secondary Channel အဖြစ် အကန့်အသတ်ဖြင့် သဲသောင်တူးဖော်သွားမည့် အစီအစဉ်များနှင့် နောင်တာလောရေလယ်ကျွန်းသဲသောင်ခုံအား ရေကြောင်းဖြောင့်တန်းစွာ စီးဆင်းရေး၊ ရေကြီး ရေလျှံမှုမှ ကာကွယ်ရေးအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သောင်ဖြတ်တူးဖော်မည့် အစီ အစဉ်များအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပွင့်လင်းရာသီတွင် လုပ်ငန်းများ လုပ်ထုံးလုပ်နည်းနှင့်အညီ စတင်နိုင်ရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်ချက်မြင့်မားရေး အတွက် ပြည်နယ်အတွင်းရှိ အထက်တန်းအဆင့်သင် ဆရာ/ ဆရာမ ၆၀၀ ဦးတို့၏ အလုပ်ရုံဆွေးနွေး ပွဲသို့တက်ရောက်ခဲ့ကြရာ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အောင်ချက်မြင့်မားရေးဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားပြီး ဂုဏ်ထူးရှင်များပေါ်ထွက်လာစေရေး ဆောင်ရွက်ကြရာတွင် Face To Face သင်ကြားခြင်းများ၊ စမ်း သပ်စာမေးပွဲများဖြေဆိုစစ်ဆေးခြင်းစသည့် လုပ်ငန်းစဉ်များအတိုင်း အောင်မြင်အောင် အထူးကြိုး စားအားထုတ်ကြရေး တိုက်တွန်းမှာကြားခဲ့ကာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်လာသော ဆရာ/ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့နောက်ခေမာသီရိရပ်ကွက်အတွင်းရှိ အာရဗီဘာသာရေးကျမ်းစာကျောင်း၌ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့်သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားကာ ကျောင်းစီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ခွန်း စကားနှင့် ကျေးဇူးတင်စကားများကို အသီးသီးပြောကြားခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ရမ်ပူရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ၌ ဗန်းမော်ခရိုင်အတွင်းမှ ထွက်ပြေးတိမ်းရှောင်လာသော အိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အိမ်ထောင်စုများအတွက် ဆန် (၂၄)ပြည်ပါအိတ် (၂၃၄) အိတ်၊ ဆီ ၂၃၄ ပိဿာနှင့် ကြက်ဥများကို ထောက်ပံ့ပေးအပ်ခဲ့ရာ စခန်းတာဝန်ခံများက ကျေးဇူးတင် စကားနှင့် လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မြို့သစ်ကြီးရပ်ကွက်အတွင်းရှိ ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့၏ အီမောဘွမ်စုပေါင်းရုံးသို့ သွားရောက်ပြီး ယာယီတိမ်းရှောင်အိမ်ထောင်စု များအတွက် ဆန်အိတ် (၁၀၀)အိတ်နှင့် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ရာ ယာယီတိမ်း ရှောင်မိသားစုများကိုယ်စား တာဝန်ရှိသူက ပြည်နယ်ဝန်ကြီးချုပ်ထံ လာချိဒ်ရိုးရာမောင်း၊ ဓားနှင့် လွယ်အိတ်တို့ကို ပေးအပ်ခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ညနေပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း တရားမဝင်ရွှေနှင့် ဓာတ်သတ္တုများ တူးဖော်မှုမရှိစေရေးအတွက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင် ရာတာဝန်ရှိသူများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အတူ လုပ်ငန်းညှိနှိုင်း အစည်းဝေးကို တက်ရောက်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်း မှုမရှိခြင်းကို အခွင့်ကောင်းယူ၍ တရားမဝင် ရွှေနှင့် ဓာတ်သတ္တုတူးဖော်မှုများ ဆောင်ရွက်နေကြသည် ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် အင်းတော်ကြီးဒေသ မမုန်ကိုင်ကျေးရွာတွင် နိုင်ငံရေးမတည်ငြိမ် မှုအခြေအနေများကြောင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးနိုင်ခြင်းမရှိသည်ကို အခွင့်ကောင်းယူ၍ တရားမဝင်ရွှေတူးဖော်မှုကြောင့် အင်းတော်ကြီးကန်နှင့် သဘာဝဘေးမဲ့တောဧရိယာများ၊ ကျေးရွာပိုင် မြေများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပျက်ဆီးမှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ အစည်းအဝေးတွင် အင်းတော်ကြီးဒေသတွင်သာမက ပြည်နယ်အတွင်း တရားမဝင်ရွှေတူးဖော်မှုများ၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများနှင့် ပတ်သက်၍ တားဆီးနိုင်ရေးနှင့် အရေးယူဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်နယ် သတ္တုတွင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်မှုများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် နယ်မြေအခြေအနေအရ ကွင်းဆင်းဆောင်ရွက်နိုင်ခြင်းမရှိသည့် အခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်အလိုက် ရွှေနှင့်ဓာတ်သတ္တုများ တရားမဝင်တူးဖော်မှု မရှိစေရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း အသီးသီးရှင်း လင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
ထို့အပြင်ပြည်နယ်ဝန်ကြီးချုပ်သည် ညပိုင်းတွင်းလည်း အောင်နန်းရပ်ကွက်အတွင်းရှိ ကတ်သလစ် အသင်းတော် မြစ်ကြီးနားသာသနာပိုင် ဆရာတော်ကြီးနှင့် ရဟန်းတော်များနှင့် သွားရောက် တွေ့ဆုံပြီး ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ဆုတောင်းမေတ္တာပို့သပေးခြင်းဖြင့် ပါဝင်ပေးကြရန် အလေးအနက်ထား ဆုတောင်းပေးကြစေလိုကြောင်းပြောကြားပြီး မြစ်ကြီးနားကက်သလစ်သာသနာပိုင်ဆရာတော် ဂျွန်မုန်ငေါန်လဆမ်က ကောင်းချီး တောင်းခံဆုတောင်းမေတ္တာပို့သပေးမှုကို ခံယူခဲ့ကြကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)