စလင်းမြို့နယ်တွင် ​​ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်ပြသ

စလင်း ဒီဇင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများ ပိုမိုသိရှိနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စလင်းမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန၊ ရုံးရှေ့တွင် ယနေ့နံနက်  နာရီမှ စတင်၍ ပြသထားကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် မဲဆန္ဒရှင်ပြည်သူများအတွက် မဲရုံအတွင်း ‌ဆောင်ရွက်ရမည့် အချက်များ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်(MEVM)အသုံးပြု၍ မဲပေးနည်းစနစ်များ၊ မဲဆန္ဒရှင်ပြည်သူများအတွက် ဆောင်ရန်ရှောင်ရန်များ၊ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး လှုံ့ဆော်ချက်များ ပါဝင်ကြောင်း သိရသည်။

မောင်လွင်(စလင်း)