ချမ်းအေးသာစံ ဒီဇင်ဘာ ၂၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များ အဆင်ပြေချောမွေ့စေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ချမ်းအေးသာစံမြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ယနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ရာတွင် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူးများနှင့် တာဝန်ရှိသူများ၏ ဆောင်ရွက်ရမည့် အခြေအနေများ၊ မဲပေးစက်ကို စနစ်တကျကိုင်တွယ်အသုံးပြုစေရန်၊ မဲရုံဧရိယာများ၌ လုံခြုံရေးထားရှိဆောင်ရွက်မှု အခြေအနေများ၊ ဆန္ဒမဲလာရောက်ပေးမည့် ပြည်သူများအား အဆင်ပြေချောမွေ့စေရေး စသည့် အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးစိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြသည်။
ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက် ၂၀ တွင် မဲရုံစုစုပေါင်း ၇၀ ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တတိယအကြိမ် မဲစာရင်းများထုတ်ပြန်ချက်အရ ဆန္ဒမဲပေးမည့် လူဦးရေစုစုပေါင်း ၁,၂၆,၀၆၂ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)