ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယနှင့်အဖွဲ့ဝင်များက ဖားကန့်မြို့နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား စားသောက်ကုန်ပစ္စည်းများ သွားရောက်ထောက်ပံ့

မြစ်ကြီးနား ဒီဇင်ဘာ ၂၄

ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်နန်ဆိုင်းနှင့်အဖွဲ့ဝင်များသည် ယမန်နေ့မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ နှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းအတွင်း ယာယီခိုလှုံနေထိုင်လျက်ရှိသည့် ဖားကန့်မြို့နယ်၊ မော်မောက်လျန်ကျေးရွာမှ ပြည်သူများနှင့်သွားရောက်တွေ့ဆုံ၍ စားဖိုဆောင်သုံးစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်နန်ဆိုင်းက အားပေးစကားပြောကြားပြီး အဖွဲ့ဝင်များနှင့်အတူ ဖားကန့်မြို့နယ်၊ မော်မောက်လျန်ကျေးရွာမှ ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စု (၇၅) စုအတွက် စားဖိုဆောင်သုံး စားသောက်ကုန်များဖြစ်သည့် ဟင်းသီးဟင်းရွက်များနှင့် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကုလားပဲများအပါအဝင် စားသောက်ကုန်အမယ် စုစုပေါင်း (၁၅) မျိုးတို့ကို ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

ဆက်လက်၍ စခန်းတာဝန်ခံက စခန်းတွင်နေထိုင်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် ကျန်းမာရေး၊ ပညာရေးဆိုင်ရာကိစ္စရပ်များအား တင်ပြမှုအပေါ် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး နာယကနှင့်အဖွဲ့ဝင်များက စခန်းနေပြည်သူများအား ရွေးကောက်ပွဲ အသိပညာပေး “ဒို့အတူတူမဲပေးစို့” လက်ကမ်းစာစောင်များကို ဖြန့်ဝေအသိပညာပေးခဲ့ကြပြီး အာဟာရမုန့်များကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)