ကော့‌‌သောင်းမြို့တွင် မဲရုံမှူး၊ဒုရဲမှူး၊(အရန်မဲရုံမှူး)နှင့် မဲရုံအဖွဲ့ဝင်တာဝန် အသီးသီး ထမ်းဆောင်မည့်သူများအား လုပ်ငန်းညှိနှိုင်းဆွေးနွေး

ကော့သောင်း ဒီဇင်ဘာ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေ‌ထွေ ရွေးကောက်ပွဲအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ကော့သောင်းမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးရှိ မဲရုံများတွင် တာဝန် ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ အရန်မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များအား လုပ်ငန်းညှိနှိုင်း‌ဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီအစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

အဆိုပါ ‌အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့်သူများအား မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများ ထုတ်ယူမည့်အစီအစဉ်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများသို့ မဲရုံများအလိုက် မဲရုံတာဝန်ကျသူများ၊ မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများပို့ဆောင်မည့် အစီအစဉ်များ၊ပြန်လည်သယ်ယူမည့်အစီအစဉ်များအား ရှင်းလင်းပြောကြား၍ တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းသတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်၍ ရွေးကောက်ပွဲအောင်မြင်အောင်ဆောင်‌ရွက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)