ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် (၁၇) ကြိမ် မြောက်ပန်းပွဲတော်အား ဇန်နဝါရီလ ၁၉ရက်နေ့အထိ ထပ်မံတိုးမြှင့်ဖွင့်လှစ်
မြန်မာနိုင်ငံ၏ အထိမ်းအမှတ် Landmark တစ်ခုဖြစ်သည့် ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်၏ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် (၁၇) ကြိမ် မြောက်ပန်းပွဲတော်( Floral Fantasia 2024)သို့ ပြည်တွင်းပြည်ပမှ ခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေသူများဖြင့် နေ့စဉ်စည်ကားလျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ထပ်မံတိုးမြှင့် ဖွင့်လှစ်ထား ကြောင်းသိရသည်။