တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ခရစ်စမတ်ညစာစားပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ခရစ်စမတ်ညစာစားပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ အိမ်ရာဝင်းအတွင်း၌ကျင်းပရာ ဦးစွာ ခရစ်ယာန် ဆရာတော်လင်းလင်းက အဖွင့်ချီးမွမ်းသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊မဟာဗန္ဓုလလမ်းရှိ ဧမာနွေလခရစ်ယာန်ဘုရားကျောင်းတွင် ကျင်းပ

မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲ၌ ပြည်သူများမဲပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော်

မော်လမြိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ‌စေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို‌ မြို့နယ်အတွင်းရှိရွေးကောက်ပွဲ ကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌  ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9)ပြီးမြောက်မှုစာမေးပွဲဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ အခြေခံပညာမူလတန်းဆင့် (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲဆိုင်ရာ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၂၄ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)ရပ်ကွက်ရှိ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် ကျင်းပသည်။

ကျိုက်ထိုမြို့နယ်တွင်၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ အသိပေးနှိုးဆော်

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းကို‌ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌  ဒီဇင်ဘာ(၂၄)ရက် မွန်းလွဲပိုင်းတွင် စတင်ဆောင်ရွက်ခဲ့ကြသည်။

ဘားအံ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကရင်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဘားအံမြို့နယ်မှ ဖွင့်လှစ်သည့် အခြေခံနှင့်အဆင့်မြင့်မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ အဆိုပါဦးစီးဌာနရုံးခန်းမ၌ ကျင်းပခဲ့သည်။

မော်လမြိုင်မြို့နယ်တွင် မဲစာရင်းအမှတ်စဉ် Voters Slip များ အိမ်တိုင်ရာရောက်ပေးအပ်၍ မဲပေးနိုင်ရန် အသိပေးနှိုးဆော်

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး လွယ်ကူအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲစာရင်းအမှတ်စဉ် Voters Slip များ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်း၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရပ်ကွက်/ ကျေးရွာအသီးသီး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သထုံမြို့နယ်တွင် ရွေးကောက်ပွဲ၌ ပြည်သူများမဲပေးနိုင်ရေး လိုက်လံအသိပေးနှိုးဆော်

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် သိရှိ‌စေရန်အတွက် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခြင်းကို‌ မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲကျင်းပမည့် ရပ်ကွက်၊ ကျေးရွာများ၌ ဒီဇင်ဘာ ၂၄ ရက်နေ့မှ စတင်ကာ ဆောင်ရွက်ခဲ့ကြသည်။

မကွေးမြို့၌ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်အလံများ လွှင့်ထူခြင်းနှင့် ရောင်စုံမီးများ ထွန်းညှိလျက်ရှိ

မ‌ကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော်အလံများ လွှမ်းခြုံနေစေရေးအတွက် အဓိကမိန်းလမ်းမကြီးများနှင့် မြို့ပေါ်ရပ်ကွက်များတွင် နိုင်ငံတော်အလံများ လွှင့်ထူလျက်ရှိသည်။

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုသိမ်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်တွင်းရှိသန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များဖြင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်စခန်းရှိကွင်း၌ ကျင်းပခဲ့သည်။
Subscribe to