ဖြူးမြို့နယ်တွင် စားသုံးဆီဖူလုံရေး ဆောင်းနှမ်းစိုက်ပျိုးမှု (၁၅၈၆) ဧက လျာထားစိုက်ပျိုးပြီးစီး

ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရေး ဆီထွက်သီးနှံများ စိုက်ပျိုးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ယခုနှစ် ​မိုးစပါးစိုက်ပျိုးအပြီး ဆောင်းနှမ်းဧက(၁၅၈၆)လျာထားစိုက်ပျိုးနိုင်သဖြင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးပြီးစီးခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မုဒုံမြို့နယ်တွင် စာကြည့်တိုက်အဆောက်အဦအသစ် ဆောက်လုပ်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ ဘဲရမ်း၊ နိုင်းပြိုင်ကျေးရွာများတွင် ကျေးရွာစာကြည့်တိုက် အဆောက်အဦအသစ် ဆောက်လုပ်နေသည့် အခြေအနေများကို ယနေ့နံနက် ၁၁ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအဆင့် Grade-5နှင့် Grade-9 သင် ဆရာ/ဆရာမများအား သင်ကြားသင်ယူမှုထိရောက်ရေး အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက အ.ထ.က(ရေတာရှည်) အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကမာရွတ်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ်ရှိ ဝန်ထမ်းများအား စားအုန်းဆီ တစ်ပိဿာ(၈၄၀၀)ကျပ်ဈေးနှုန်းဖြင့် ပိဿာ(၇၇၀) လက်လီရောင်းချ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကုန်စျေးနှုန်းထိန်းညှိလျော့ချရေးကော်မတီအဖွဲ့နှင့် ဖြန့်ဖြူးရောင်းချရေး ကြီးကြပ်မှုကော်မတီတို့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဆီကုန်သည်များနှင့် မြို့နယ် ဆီလုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ ဝန်ထမ်းများအား ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတွင် စားအုန်းဆီ တစ်ပိဿာ(၈၄၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြကြောင်း သိရသည်။

လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ဖောင်ကြီး) တွင် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(ဖောင်ကြီး)တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ဖောင်ကြီး)၌ ကျင်းပပြုလုပ်သည်။

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ 

ဆဋ္ဌသင်္ဂါယနာသာသနာ့သမိုင်းဝင် သီရိမင်္ဂလာကမ္ဘာအေးစေတီတော်မြတ်ကြီး၏ (၇၃)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် အဆိုပါ စေတီတော်ဂေါပကအဖွဲ့ရုံး၌ ကျင်းပသည်။

လှိုင်မြို့နယ်၌ (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာ‌ရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပညာရေးမှူးရုံး လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။

တာမွေမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်ရှိ အမှတ်(၁၁)အခြေခံပညာအလယ်တန်းကျောင်း၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါကျောင်းရှိ ဧရာဝတီခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ကသာမြို့ အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့အမှတ် (၃) အခြေခံပညာမူလတန်းလွန်ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဘက်စုံပညာထူးချွန်ဆုပေးပွဲကို ယနေ့နံနက်(၉)နာရီ အချိန်က အမှတ်(၃)အခြေခံပညာမူလတန်းလွန်ကျောင်း၊ ယာယီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာတွင် “ဘက်စုံပညာကိုရည်တိုးလှမ်းချီ” သီချင်းဖြင့် အခမ်းအနားကိုဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
Subscribe to