ရွှေပြည်သာမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင်မဲရုံအသီသီးတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များအား ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားကို ဒီဇင်ဘာ(၂၆)ရက်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရွှေပြည်ရတနာခန်းမ၌ ကျင်းပခဲ့သည်။

တိုက်ကြီးမြို့နယ်၌ မဲပေးစက်များ ထုတ်ယူနေမှုနှင့် မဲရုံများခင်းကျင်းနေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲရုံများသို့ မဲပေးစက်များ ထုတ်ယူနေမှုအခြေအနေနှင့် မဲရုံများခင်းကျင်းဆောင်ရွက်နေမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ကျွန်းလှမြို့နယ်၌ လယ်ရိတ်သိမ်းပြီး သီးထပ်စိုက်ပျိုးရန်ပြင်ဆင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးများရိတ်သိမ်းလျက်ရှိရာ ရိတ်သိမ်းပြီးလယ်မြေများ သီးထပ်စိုက်ပျိုးကြရန် ထွန်ယက်ပြင်ဆင်နေကြကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး လားရှိုးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပေါင်းစပ်ဆွေးနွေးမှာကြား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးသည် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဦးမျိုးရှိန်နှင့် အဖွဲ့ဝင်များနှင့်အတူ ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ့ (၄) နာရီက ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) အစည်းအဝေးခန်းမ၌ ပြည်နယ်ခွဲ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များပါဝင်သော ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်ပြီး ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး မဲရုံများအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ‌ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများပြင်ဆင်ဆောင်ရွက်နေမှုအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ အဖွဲ့ဝင် ဦးမျိုးလှိုင်တို့သည် ပြည်ထောင်စုနယ်မြေ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်လင်းဦးနှင့်အဖွဲ့ဝင်များ၊ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေဦး၊ ပျဉ်းမနားခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကန်ကြီးထောင့်မြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ပုသိမ်) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား တက်ရောက်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ကန်ကြီးထောင့်မြို့နယ်၊ အပင်နှစ်ဆယ်ကျေးရွာအုပ်စု၊ အပင်နှစ်ဆယ်ကျေးရွာရှိ နည်းပညာတက္ကသိုလ် (ပုသိမ်) တွင် ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက်ပိုင်းက ကျင်းပသည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားအား တက်ရောက်ခဲ့ကြသည်။

ကျိုက်မရော၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ အဆင်ပြေချောမွေ့စွာမဲပေးနိုင်ရန် Voter Slip များ တစ်အိမ်တက်ဆင်း ဖြန့်ဝေပေး

ကျိုက်မရော မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကြီးကျင်းပရာတွင် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူမဲဆန္ဒရှင်ပြည်သူများအား မဲရုံသို့သွားရောက်၍ ဆန္ဒမဲပေးရာတွင် ဆန္ဒမဲအမှတ်စဉ်များအလွယ်တကူသိရှိပြီး အချိန်တိုအတွင်း အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ Voter.Slip များကို တစ်အိမ်တက်ဆင်း ​လိုက်လံဖြန့်ဝေပေးခဲ့သည်။

မင်းလှမြို့နယ်တွင် (ဒုတိယအကြိမ်) မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်(ဒုတိယအကြိမ်)မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ဒီဇင်ဘာ ၂၆ ရက်နံနက် ၉ နာရီခွဲချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

မင်းလှမြို့နယ်တွင် (ဒုတိယအကြိမ်) မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်(ဒုတိယအကြိမ်)မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ဒီဇင်ဘာ ၂၆ ရက်နံနက် ၉ နာရီခွဲချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး MEVM မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများ စနစ်တကျထုတ်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မဲပေးနိုင်ရေးအတွက် MEVM မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းက စတင်၍ မြို့နယ်အောင်ဆန်းခန်းမတွင် ထုတ်ပေးခဲ့သည်။
Subscribe to