မော်လမြိုင် ဒီဇင်ဘာ ၂၆
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများအားလုံး လွယ်ကူအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲစာရင်းအမှတ်စဉ် Voters Slip များ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်း၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ရပ်ကွက်/ ကျေးရွာအသီးသီး၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါမဲစာရင်းအမှတ်စဉ် Voters Slipများ အိမ်တိုင်ရာရောက် လိုက်လံပေးအပ်ခြင်း၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနိုင်နှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ပြည်သူများအားလုံး လွယ်ကူအဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲစာရင်းအမှတ်စဉ် Voters Slip များ လိုက်လံပေးအပ်ခြင်း၊ ဒို့အတူတူမဲပေးကြမယ် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများကို အိမ်တိုင်ရာရောက်၍ လိုက်လံဖြန့်ဝေနှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)