လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆိုလာစွမ်းအင်သုံး ရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေခြင်း အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်မင်္ဂလာကန်တော်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်၀န်ကြီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။