ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားကျင်းပ

ဗဟန်း ဒီဇင်ဘာ  ၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ​ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)မှ ခရစ္စမတ်နေ့(ခရစ်တော်မွေးနေ့)အခမ်းအနားအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့၊မဟာဗန္ဓုလလမ်းရှိ ဧမာနွေလခရစ်ယာန်ဘုရားကျောင်းတွင် ကျင်းပ

ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များဖြစ်ကြသည့် ဦးဌေးအောင်(လူမှုရေးရာဝန်ကြီး)၊ ဦးစောဂျက်ကော့ထူး (တိုင်းရင်းသားရေးရာဝန်ကြီး)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးဇော်ဇော်နိုင် (ဟိန္ဒူဘာသာ)၊ ဒေါက်တာတူးတူး(ခရစ်ယာန်ဘာသာ)၊ ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)၊ ဗဟိုကော်မတီအတွင်းရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် ဗဟိုတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌများနှင့် တိုင်းအလုပ်အမှုဆောင်များ၊ ခရိုင်/မြို့နယ်များမှဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင်လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏနှင့် ဒုတိယဥက္ကဋ္ဌများ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာသိန်းသန်းထွန်း၊ ခရစ်ယာန်ဘာသာဝင် နာယကကြီး ဒေါက်တာဦးညွန့်လှ​၊ ခရစ်ယာန်ဘာသာဝင် ဗဟိုအတွင်းရေးမှူး ဦးကျော်မြင့်ဦး၊ ဧမာနွေလဘုရားကျောင်းမှ ဒေါက်တာသာထွန်းဦးတို့ကနှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။

ယင်းနောက် ခရစ်ယာန်ဘာသာဝင် ဗဟိုအလုပ်အမှုဆောင်များက ဧည့်သည်တော်များအား ခရစ္စမတ်လက်ဆောင်များပေးအပ်ခြင်းနှင့် ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

​အောင်မြင့်(ပြန်/ဆက်)