ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်ခေတ္တအုပ်ချုပ်ရေးမှူးဦးစောညီညီထွေး၊ တိုင်းစည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးဦးမြင့်လွင်တို့ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်မိုးဦးနှင့်ဝန်ထမ်းများ၊ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီအဖွဲ့ဝင်များ၊ ဈေးသူ၊ ဈေးသားများပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ပဲခူးမြို့မစျေးကြီး၌ မီးဘေးကြိုတင်ကာကွယ်ရေး သရုပ်ပြလေ့ကျင့်မှု ဆောင်ရွက်ခဲ့ကြသည်။