(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပုသိမ်ကြီးမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်တွင်းရှိသန္ဓေ၊ အရန်တပ်ဖွဲ့ဝင်များဖြင့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပခြင်းကို ယမန်နေ့နံနက် ၈ နာရီက မြို့နယ်မီးသတ်စခန်းရှိကွင်း၌ ကျင်းပခဲ့သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးမောင် (ရှမ်းအရှေ့တာဝန်ခံ) သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ၌အသုံးပြုမည့် MEVM မဲပေးစက်များအား ယမန်နေ့က ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ သီရိမင်္ဂလာခန်းမ၌ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု မဲရုံများအလိုက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများထံ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက စနစ်တကျလွှဲပြောင်းထုတ်ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ကျိုင်းတုံမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မဲရုံများတွင် အသုံးပြုမည့် မဲရုံသုံးပစ္စည်းများအား ရပ်ကွက်/ ကျေးရွာအုပ်စုမဲရုံများအလိုက် စနစ်တကျထုတ်ပေးနေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ပါသည်။

ကျိုက်ထိုမြို့နယ်တွင် မဲရုံတာဝန်ကျသူများ ကြိုတင်ဆန္ဒမဲပေးခြင်းဆောင်ရွက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ဒီဇင်ဘာ၂၈ ရက်နေ့၌ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲတွင် တာဝန်ကျသည့်မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများနှင့်ဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို ယမန်နေ့နံနက်ပိုင်းမှစ၍ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်သူများ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှု

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ရွေးကောက်ပွဲတာဝန်ထမ်းဆောင်မည့်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်ကာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဆန္ဒမဲပေးနေမှုနှင့် မဲရုံပြင်ဆင်ထားရှိမှုအခြေအနေများ အားပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်က လိုက်လံကြည့်ရှုခဲ့‌ကြောင်း သိရသည်။

နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲများကို ဖွင့်ဖောက်ရေတွက်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပေးပို့လာသည့် ကချင်ပြည်နယ်အတွင်း အစိုးရခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများအနက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒပြုထားသည့် ကြိုတင်ဆန္ဒမဲလက်မှတ်ပါ စာအိတ်များကို ယမန်နေ့နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ဖွင့်ဖောက်ရေတွက်ခဲ့ကြသည်။

ကန်ကြီးထောင့်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့‌ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ဧရာသီရိသုခခန်းမ၌ကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက တက်ရောက်ခဲ့ကြသည်။

သန်လျင်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေး စက်(MEVM)များအား ရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများမှ လာရောက်ထုတ်ယူ

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များအား  သန်လျင်မြို့နယ်အတွင်းရှိ မဲရုံများသို့ ဖြန့်ဝေချထားနိုင်ရေးအတွက် သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်စု မဲရုံမှူးများအား ထုတ်ပေးခြင်းကို ယနေ့နံနက်တွင် သန်လျင်မြို့ အ.ထ.က(၁)ရတနာရှင်သန့်ခန်းမ၌ ပြုလုပ်သည်။

ထားဝယ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေး

တနင်္သာရီတိုင်းဒေသကြီးထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်သရုပ်ပြမဲပေးနေမှုကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်မြို့၊ ထားဝယ်သူနာပြုသင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

ညောင်ရွှေမြို့နယ်၌ ရုရှားနေကြာ (Makhaon) စံပြစမ်းသပ်စိုက်ပျိုးမှု ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာ၌ ပင်မြင်စံငွေစုငွေချေး သမဝါယမအသင်းမှ မြေငါးဧကတွင် ရုရှားနေကြာ (Makhaon) စံပြစမ်းသပ်စိုက်ပျိုးထားရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်  သင်္ဃန်းကျွန်းမြို့နယ်၌  တတိယအကြိမ် မဲစာရင်းကပ်ထားမှု ကွင်းဆင်းကြည့်ရှုအားပေး

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းသည်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီး ဝင်းတင့်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန်ဦးဗိုလ်ဌေး၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူးဦးနေဝင်းအောင်တို့နှင့်အတူ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းက သင်္ဃန်းကျွန်းမြို့နယ် (က)ရပ်ကွက်၌ တတိယအကြိမ် မဲစာရင်းကြေညာထားမှုအပေါ် ပြည်သူများမဲစာရင်းလာရောက်ကြည့်ရှုသည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။
Subscribe to