ညောင်ရွှေမြို့နယ်၌ ဆီနေကြာစိုက်ပျိုးထားရှိမှု ကွင်းဆင်းကြည့်ရှု

ညောင်ရွှေ ဒီဇင်ဘာ ၂၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ပြည့်စိုးနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်လေးခုတွင် ၁၅ ဧကစီ တာဝန်ယူစိုက်ပျိုးလျက်ရှိသည့် ရုရှားနေကြာစိုက်ပျိုးမှုမှ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် မိုင်းသောက်ကျေးရွာရှိ ပင်မြင့်စံငွေစုငွေးချေးသမဝါယမအသင်း အသင်းသားနှစ်ဦး၏ ရုရှားနေကြာ (Makhaon) ငါးဧက စိုက်ပျိုးထားရှိမှုကို ယနေ့နံနက်ပိုင်းက ကြည့်ရှု၍ သတ်မှတ်ကာလအတိုင်း သွင်းအားစု၊ ပိုးသတ်ဆေးသုံးစွဲရန်နှင့် ရေသွင်းခြင်းများ ဆောင်ရွက်ရန်မှာကြားသည်။

ဆက်လက်၍ ဆူရာကီရမ်နေကြာ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုပြီး သတ်မှတ်အကွာဝေးအတိုင်း ပင်ခွဲခြင်း၊ ဖြည့်စွက်စိုက်ပျိုးခြင်းများ ဆောင်ရွက်ရန်၊ ပန်းတိုင်အထွက်နှုန်းပြည့်မီရေး သဘာဝမြေသြဇာသွင်းအားစုများ အသုံးပြုရန်၊ အပင်ကြီးထွားချိန်၊ အစေ့တည်ချိန်များတွင် လိုအပ်သော ရေပမာဏဖျန်းခြင်းတို့ဖြင့် အောင်မြင်ဖြစ်ထွန်းရေးအတွက် အသင်းအဆင့်ဆင့်က အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)