သထုံ ဒီဇင်ဘာ ၂၆
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် MEVM မဲပေးစက်များနှင့် မဲရုံသုံးပစ္စည်းများကို တာဝန်ရှိသူတို့၏ကြီးကြပ်မှုဖြင့် ယနေ့နံနက်က မဲရုံအသီးသီးသို့ စနစ်တကျဖြန့်ဝေပို့ဆောင်ပေးခဲ့ကြသည်။
ထိုသို့ ဖြန်ဝေပို့ဆောင်ရာတွင် အမှတ်(၉)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီး စိုးလင်းထွန်း၊ သထုံခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမြင့်နိုင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ သထုံမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မဲရုံအလိုက် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM များနှင့် မဲရုံသုံးပစ္စည်းများကို စနစ်တကျ ထုတ်ပေးခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ မဲရုံများသို့အရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြသည်။
အဆိုပါထုတ်ပေးရာတွင် သထုံမြို့နယ်အတွင်းရှိ မဲရုံ စုစုပေါင်း ၈၀ တို့အတွက် MVEM မဲပေးစက် ၅၁၅ လုံး၊ အရန်မဲပေးစက် ၉၀ လုံး၊ စုစုပေါင်း မဲပေးစက် ၆၀၅ လုံးနှင့် မဲရုံသုံးပစ္စည်းတို့ကို ဖြန့်ဝေပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)