နတ်တလင်းမြို့နယ်၌ တိုင်းရင်းသားဘာ သာစကားများဖြင့် ဘာသာပြန်ဆိုထားသည့် ရွေးကောက်ပွဲအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

နတ်တလင်း ဒီဇင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တိုင်းရင်းသားပြည်သူများအားလုံး ပါဝင်နိုင်ရန်အတွက် တိုင်းရင်းသားဘာသာစကားများဖြင့် ဘာသာပြန်ဆိုထားသည့် ရွေးကောက်ပွဲအသိပညာပေး လက်ကမ်းစာစောင်များကို တိုင်းရင်းသားမဲဆန္ဒရှင်များ လက်ဝယ်ထံအရောက်ဖြန့်‌ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နတ်တလင်းမြို့နယ်ရုံး ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ တိုင်းရင်းသားမဲဆန္ဒရှင်များအား တိုင်းရင်းသားဘာသာပြန်ဆိုထားသည့် ရွေးကောက်ပွဲအသိ ပညာပေးလက်ကမ်းစာစောင် (၅) မျိုးအား ဖြန့်ဝေပေးခဲ့ကြသည်။

နတ်တလင်းမြို့နယ်တွင် မဲရုံပေါင်း (၇၂) ရုံရှိသည့်အနက် တိုင်ရင်းသားမဲရုံ (၂၇) ရုံရှိရာ ဆန္ဒမဲပေးမည့် တိုင်းရင်းသားစုစုပေါင်း (၉၄၉) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲရုံးမှ သိရသည်။

ဝေယံဖြိုး (ပြန်/ဆက်)