ငရုတ်ကောင်း ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ၎င်းတို့၏ နေအိမ်များသို့ ငရုတ်ကောင်းမြို့ အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စာရေးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။
ရှေးဦးစွာ ယာယီနေရပ်စွန့်ခွာပြည်သူများအား လူသားချင်းစာနာမှုဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေမှ လိုအပ်သည့် ထောက်ပံ့မှုများ ပေးခြင်းဖြစ်ကြောင်း၊ ယာယီနေရပ်စွန့်ခွာပြည်သူများနေရသည့် ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများ နေရသူများအားလုံးပါဝင်မှုရှိစေရေးနှင့် စာရင်းတွင် မပါဝင်ဘဲကျန်နေခဲ့ရသူများ မရှိစေရေးတို့အတွက် တာဝန်ရှိသူများက ဆောင်ရွက်ထားပါကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ငရုတ်ကောင်းမြို့ အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်လလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် (၃) လစာ တစ်ဦးလျှင် ငွေ (၆၀၀၀၀) ကျပ်အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ငရုတ်ကောင်း (ပြန်/ဆက်)