ချောင်းဆုံမြို့နယ်၌ မဲရုံများအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ထုတ်ပေးနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ််ဆေး

ချောင်းဆုံ ဒီဇင်ဘာလ ၂၆

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ချောင်းဆုံမြို့နယ်ရှိ မဲရုံများ၌ မဲလက်မှတ်ဖြင့် မဲပေးခြင်းစနစ်အစား အီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးနိုင်ရေးအတွက် ဒီဇင်ဘာ(၂၆)ရက်နေ့က အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၌ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို ထုတ်ပေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်းနှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)များကို မဲဆန္ဒရှင်ပြည်သူများ လွယ်ကူစွာမဲပေးနိုင်ရေး ဆောင်ရွက်ထားရှိပြီး မဲပေးစက်စနစ်တကျကိုင်တွယ်နည်းများကို တာဝန်ကျဝန်ထမ်းများအားသင်တန်းများ ပို့ချထားပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ မဲရုံ(၇၃)ရုံအတွက် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) (၄၆၇)လုံးတို့အား ဒီဇင်ဘာ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အတွင်း ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်းနှင့် မြို့နယ်အတွင်း၌ အသက် ၁၈ နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၁၁၇၀၃၁)ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှသိရသည်။

ကိုကျော်(ချောင်းဆုံ)