မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှု စု‌ပေါင်းစက်ဘီးစီးနင်းပွဲ အခမ်းအနား တက်ရာက်

မကွေး ဒီဇင်ဘာ ၂၆

၂၀၂၅ ခုနှစ် မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှု အမျိုးသား/ အမျိုးသမီး စုပေါင်းစက်ဘီးစီးနင်းပွဲကို ယနေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး၊ တိုင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်ဧည့်သည်‌တော်များ၊ စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှုအထိမ်းအမှတ် စက်ဘီးစီးနင်းပွဲတွင် ပါဝင်စီးနင်းကြမည့် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးအားကစားသမားများအား မကွေးမြို့၊ တိုင်းဒေသကြီး အားကစားကွင်းရှေ့မှ စတင်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် ၀န်ကြီးချုပ်ဦးတင့်လွင်က သေနတ်ဖောက်၍ တာလွှတ်ပေးပြီး  မကွေးမြို့တစ်ပတ်စက်ဘီးစီးနင်းခဲ့ကြပြီး မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ်၊ တိုင်းအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးနင်းပွဲသို့ ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများ၊ စက်ဘီးစီး အားကစားဝါသနာရှင်များ၊ အမျိုးသား/သမီးစုစုပေါင်း(၃၀၀)ဦး ပါဝင်စီးနင်းခဲ့ကြရာ  စက်ဘီးစီးနင်းခဲ့ကြသည့် ကစားသမားများကို ဗလာမပါဆုမဲများနှင့် စက်ဘီးဆု(၅)ဆုကို မဲဖောက်ပေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့၀င်၀န်ကြီးများက ဆုမဲပေါက်အားကစား သမားများအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်၍ အချိုရည်၊ မုန့်နှင့်သောက်ရေသန်ဘူးများ ဝေငှပေးခဲ့ကြောင်း သိရှိရသည်။

မောင်ခိုင်မင်း (ပြန်ဆက်)