ဖြူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆုပေးပွဲနှင့်ဟောပြောပွဲပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်အခြေခံပညာကျောင်းများရှိ ကျောင်းသား/ ကျောင်းသူများအား ဖိတ်ခေါ်၍ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆု​ပေးပွဲနှင့်ဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၌ ဆီထွက်သီးနှံ(နေကြာ) ၁၀၅၃ ဧက အောင်မြင်ဖြစ်ထွန်း

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှု စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း၍ ဆောင်းသီးနှံနေကြာ (၁၀၅၃)ဧကအား စိုက်ပျိုးထားရာအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက်ဘာသာရပ်ပေါင်းစုံအားကစားပြိုင်ပွဲများကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်တွင် ကျင်းပပြုလုပ်လျက်ရှိပြီး ဇန်နဝါရီလ(၂၀)ရက်နေ့က ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနား တက်ရောက်

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်တွေတက္ကသိုလ်တို့ ပူးပေါင်းကျင်းပသည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာဖတ်ဝိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စာရေးဆရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီများကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီဝယ်ယူခွင့်စာအုပ်ဖြင့် အမှတ်(၁)ရပ်ကွက်၊ မြို့မတဲကြီးကုန်းအုပ်စုနှင့် ညောင်မြစ်ဆွဲကျေးရွာအုပ်စုတို့၌ ယနေ့နံနက်က အိမ်ထောင်စုတစ်စုလျှင် ၅၀ ကျပ်သားနှုန်းဖြင့် စားအုန်းဆီ(၂၈၆၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၊ လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ကယားပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်နှင့်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်လုံ့လဝီရိယ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ်

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ လူငယ်နှင့်လုံ့လဝီရိယ ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ပြုလုပ် ကြံခင်း ဇန်နဝါရီ ၁၉ ဖြိုးဝေလင်း(ပြန်/ဆက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Hall ခန်းမ၌ ကျင်းပသည်။

တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်တွင် ဥက္ကလာပစေတီတော်မြတ်ကြီး ရှေးဟောင်းခုနှစ်ဆူဘုရားနှင့် အောင်တော်မူစေတီ (၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်း‌လောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၄ နာရီအချိန်က ‌ဥက္ကလာပစေတီ ရင်ပြင်တော်၌ ကျင်းပခဲ့သည်။
Subscribe to