မော်လမြိုင် ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၁)ကို ယနေ့ နံနက်(၆)နာရီက စတင်ကျင်းပလျက်ရှိရာ မွန်ပြည်နယ်မော်လမြိုင်မြို့နယ်ရှိ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာစနစ်တကျဆန္ဒမဲပေးလျက်ရှိသည်။
မဲရုံတာဝန်ရှိသူများက နံနက်(၆)နာရီတွင် မဲရုံဖွင့်လှစ်ပေးပြီးနောက် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိနှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား လျှို့ဝှက်ဆန္ဒပြုခန်းများ၌ လွတ်လပ်စွာဆန္ဒမဲပေးရွေးချယ်ကြသည်။
မော်လမြိုင်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၄၂) တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၁၉၁၆၈ ဦးရှိပြီး မဲရုံပေါင်း (၁၁၇)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
စည်သူ(ပြန်/ဆက်)