လက်ပံတန်းမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စကားပုံဆက်ပြိုင်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ လက်ပံတန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသားလူငယ်များ မြန်မာ့စာပေဗဟုသုတကြွယ်ဝလာစေရေးအတွက်ရည်ရွယ်၍ စကားပုံဆက်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် အသက်(၅)နှစ်အောက်ရှိပြီး ကာကွယ်ဆေးလုံးဝ(သို့မဟုတ်) အကြိမ်ပြည့်မရသော ကလေးငယ်များအား Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများအား ယနေ့နံနက်(၉)နာရီခွဲ အချိန်ခန့်က မိခင်ကလေး ကျန်းမာရေးဌာန၌ စတင်ဆောင်ရွက်ခဲ့ကြသည်။

ဖြူးမြို့နယ်၊ ကွာရီကျေးရွာ မူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်ရေးရာဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာဗဟုသုတများရရှိစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီအချိန်က လိပ်သေကျေးရွာအုပ်စု၊ ကွာရီကျေးရွာအခြေခံ ပညာမူလတန်းလွန်ကျောင်းများတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် စာသင်ကျောင်းအခြေပြု ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ရှေးဦးသူနာပြုစုနည်းအတတ်ပညာကို လေ့လာတတ်မြောက်စေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီက ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ စာသင်ကျောင်းအ‌ခြေပြု ရှေးဦးသူနာပြုစုနည်းအခြေခံ (BASIC FIRST AID TRAINING) သင်တန်းအမှတ်စဉ် (၁/၂၀၂၅)ကို ဖွင့်လှစ်ကြောင်း သိရသည်။

ပဲခူးမြို့ဆုတောင်းပြည့်ဆံတော်ရှင်ရွှေမော်ဓောစေတီတော်မြတ်ကြီးတွင် (စတုတ္ထအကြိမ်)ဆေးပဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ရွှေမော်ဓောစေတီတော်မြတ်ကြီး သြဝါဒစရိယဆရာတော်ကြီးများကြီးမှူး၍ စတုတ္ထအကြိမ်မြောက် မဟာဆေးပဌာန်း ရွတ်ဖတ်ပူဇော်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရွှေမော်ဓောစေတီတော်မြတ်ကြီးရင်ပြင်တော်ရှိ ရွှေကျောင်းတော် ကျောက်ပန်းတောင်းဓမ္မာရုံကြီးတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များ တက်ရောက်ကြည်ညိုကြသည်။

မိုင်းတုံမြို့၌ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆု‌ပေးပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့မအားကစားကွင်းတွင် ယနေ့နံနက်ပိုင်းကမြို့နယ်အားကစားနှင့်ကာယ ပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ  ဆုရရှိခဲ့သောအဖွဲ့များအား ဆုပေးပွဲကျင်းပခဲ့ရာ အခမ်းအနားသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် အဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ‌ပြည်သူများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ကျေးလက်လမ်း/တံတားလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်၊ မိုင်းဖြတ်မြို့နယ်နှင့် တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးလက်လမ်း/တံတား လုပ်ငန်းများအား ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ မြို့ပြနှင့် အညာကျေးလက်ဒေသများတွင် မိုးလေကင်းလွတ်ပြီး ကောက်ပဲသီးနှံများသိမ်းဆည်းပြီးချိန်ဖြစ်၍ ဒေသခံပြည်သူများက မိမိတို့၏ သားသမီးများကို ဗုဒ္ဓအမွေကို ခံယူစေသည့် ရှင်ပြုနားသအလှူတော်မင်္ဂလာပွဲများကို ဆင်/မြင်း၊ နွားလှည်းယာဉ်များဖြင့် တစ်ခမ်းတစ်နား စည်ကားသိုက်မြိုက်စွာ ကျင်းပဆင်နွှဲလျက်ရှိကြောင်း သိရသည်။

လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကော်မတီ၀င်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အလုပ်သမား၀န်ကြီးဌာန၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ကော်မတီ၀င်များအတွက် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ယနေ့ နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည်။

စေတုတ္တရာမြို့နယ်၌ အခြေခံဇာထိုး၊ ပန်းထိုးသင်တန်း ဖွင့်လှစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ မြို့နယ်(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀) နာရီအချိန်က ဝါသနာပါသူအမျိုးသမီးငယ်များစုစည်းကာ အခြေခံ (ဇာထိုး/ပန်းထိုး)နည်းသင်တန်း ဖွင့်လှစ်​ပေးခဲ့ကြောင်း သိရသည်။
Subscribe to