ကျိုက်မရော ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ကို ယနေ့နံနက် ၆ နာရီ မှစတင်ကာ နိုင်ငံတစ်ဝှမ်းနေရာဒေသအသီးသီးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများက စနစ်တကျဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။
ယနေ့နံနက်ပိုင်းမှ စတင်ကာ မဲဆန္ဒရှင်ပြည်သူများမှ မဲရုံများသို့ စိတ်အားထက်သန်စွာ ဆန္ဒမဲပေးနိုင်ရန် စောင့်ဆိုင်းလျက်ရှိရာ ညမဲရုံမဖွင့်လှစ်မီမဲရုံတာဝန်ရှိသူများက မဲပုံးများအား ပါတီကိုယ်စားလှယ်များအားပြသ၍ လုံခြုံရေးကြိုးတပ်ဆင်ပြီးနောက် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးကာ မဲပေးမည့်ပြည်သူများက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အတူ မဲစာရင်းလက်မှတ်ပြသပြီး လျို့ဝှက်ဆန္ဒပြုခန်းများတွင် MEVM မဲပေးစက်ဖြင့် လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်များကို ဆန္ဒပြုရွေးချယ်ကြသည်။
၂၀၂၅ခု နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက နိုင်ငံသားအခွင့်အရေးကို လက်လွတ်မခံပဲ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား မဲပေစက်ဖြင့် ဆန္ဒမဲပေးလျက်ရှိကြသည်။ ကျိုက်မရောမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု (၁၆) ခု၌ မဲရုံစုစုပေါင်း (၂၈) ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၅၄၈၆၄) ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ကျိုက်မရော (ပြန်/ဆက်)