မြဝတီ မြို့တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တွင် မဲဆန္ဒရှင်ပြည်သူများလာရောက်ဆန္ဒမဲပေး

မြဝတီ    ဒီဇင်ဘာ ၂၈

၂၀၂၅ခုနှစ် ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ(ပထမပိုင်း) တွင်ပါဝင်သည့် ကရင် ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ရှိ  သတ်မှတ်မဲရုံ အလိုက် ဖွင့်လှစ်သည့်နံနက် (၆:၀၀)နာရီ မှစတင်၍ မဲဆန္ဒရှင်ပြည်သူများ တာဝန်ကျေပွန်စွာဖြင့်အေးချမ်းစွာ လာရောက်ဆန္ဒမဲ ပေးလျက်ရှိသည်။

ထိုသို့ဆန္ဒမဲပေးကြရာတွင်မြဝတီမြို့ပေါ် (၇)ရပ်ကွက်၊  ပူလွဲပူကျေးရွာအုပ်စု ရှိ(အရပ်သား /တပ် မဲရုံ) ဖားကလူ ကျေးရွာအုပ်စု၊မဲကနယ်ကျေးရွာအုပ်စု၊မဲပလဲ့ ကျေးရွာအုပ်စုရှိ (တပ်မဲရုံ)များ ဖြင့် ၊အရပ် သား မဲရုံ (၃၈)ရုံနှင့်တပ်မဲရုံး (၇)ရုံ ၊ မဲရုံစုစုပေါင်း(၄၂)ရုံ တို့ရှိ မဲဆန္ဒရှင် ပြည် သူ များ၏နိုင်ငံ သားတစ်ဦးတာဝန်ကျေပွန်စွာ  ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံးအတွင်း တာဝန် ထမ်း ဆောင် ကြသည့် မဲရုံမှူး ၊ဒုမဲရုံးမှူး ၊မဲရုံအဖွဲ့ဝင်များ၊အတွင်းစည်း ၊အပြင်စည်း လုံခြုံရေးအဖွဲ့များဖြင့် အုပ်ချုပ်/ ထောက်ပံ့မှု ကိစ္စရပ်များကို ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ အရာရှိနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဌာနဆိုင်ရာတာဝန်ရှိ သူများကစနစ်တကျရှိစေရေးဆောင်ရွက်ခဲ့ကြသည်။

မြဝတီ မြို့တွင် မြို့ပေါ်(၇)ရပ်ကွက်၊ကျေးရွာ (၄) ရွာတွင်  မဲဆန္ဒရှင်ပြည်သူ (၆၀၀၃၉)ဦး ရှိကြောင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှသိရှိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)