ဗဟန်းလူထုအခြေပြုဗဟိုဌာနတွင် ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံး ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းလူထုအခြေပြုဗဟိုဌာန(Community Centre)ရှိ ဘက်စုံသုံးခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုံပြင်ပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်၊ ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများနှင့် နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ချောက်မြို့ပေါ်ရှိ ပဲမျိုးစုံရောင်းဝယ်နေသော ပွဲရုံများအား ကွင်းဆင်းစစ်ဆေး

မ​ကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ယမန်‌နေ့နံနက် ၈ နာရီအချိန်က ပဲအမျိုးမျိုးရောင်းဝယ်ရေးပွဲရုံများသို့ သွားရောက်၍ ပဲမျိုးစုံရောင်းဝယ်ရေးဈေးကွက်တွင် ပဲများ စျေးနှိမ်ဝယ်ယူခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဘားအံ၌ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။

ကျောက်တန်းမြို့နယ်၌ မရှိ၍မလင်းသူမရှိစေရေးအစီအစဉ်ဖြင့် မျက်စိခွဲပြီးလူနာများအား ကျန်းမာရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ပူးပေါင်း၍ မရှိ၍မလင်းသူမရှိစေရေးအစီစဉ်ဖြင့် မျက်စိခွဲစိတ်ပြီးလူနာများအား မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ခန်းမတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန်က ကျန်းမာရေးစစ်ဆေးကြည့်ရှုခဲ့ကြသည်။

ဗဟန်းမြို့နယ်တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် ဟောပြောပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး ၊ ဗဟန်းမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၁၂)အခြေခံပညာမူလတန်းကျောင်းတွင် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မြစ်သားမြို့နယ်တွင် သမိုင်းဝင်ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ (၁၃၄) ကြိမ်မြောက် တပို့တွဲ (နှမ်းမနဲ) ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ၁၃၈၆ခုနှစ်၊ (၁၃၄) ကြိမ်မြောက် တပို့တွဲ(နှမ်းမနဲ)ပွဲတော် စည်ကားသိုက်မြိုက်စွာနိုင်ရေးအတွက် ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ‌ပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Subscribe to