အလုံမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ‌ ဆန္ဒမဲပေးလျက်ရှိ

အလုံ ဒီဇင်ဘာ ၂၈

အလုံခရိုင်၊ အလုံမြို့နယ်အတွင်းရှိ မဲရုံများတွင် ပြည်သူများ‌အနေဖြင့် ယနေ့နံနက်ပိုင်းက ၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးလျက်ရှိသည်။

မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့် စက်တို့ပါဝင်သော အီလက်ထရောနစ်မဲပေးစက်တို့ကို စနစ်တကျတပ်ဆင်ကာ နံနက် (၆) နာရီတိတိအချိန်တွင် မဲရုံမှူးက မဲရုံဖွင့်လှစ်ပေးခဲ့ပြီး စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများတွင် မဲပေးခြင်းကို စတင်ခဲ့သည်။

ဆန္ဒမဲပေးခြင်းကို စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အ.ထ.က (၄) ကျောင်းရှိ မဲရုံ (၂) ရုံ၌လည်းကောင်း၊ စောရန်ပိုင်အနောက်ရပ်ကွက်၊ စကားစိမ်းလမ်း၊ သာသနာ့အလင်းရောင်ဓမ္မာရုံရှိ မဲရုံ (၂) ရုံ၌လည်းကောင်း၊ အ.မ.က (၁၁) ကျောင်းရှိ မဲရုံ (၁) ရုံ၌လည်ကောင်း၊ စောရန်ပိုင်တောင်ရပ်ကွက် အ.မ.က (၆) ကျောင်းရှိ မဲရုံ (၂) ရုံ၌လည်းကောင်း၊‌ စောရန်ပိုင်မြောက်ရပ်ကွက်၊ ငုဝါလမ်း၊ အမှတ် (၁၉၈) ရှိ မဲရုံ (၁) ရုံ၌လည်းကောင်း၊ ကရင်ခြံရပ်ကွက်၊ ဗဟိုလမ်း၊ အမှတ် (၄) မူလတန်းကြိုကျောင်းနှင့် ဗဟိုလမ်းရှိ မဲရုံ (၂) ရုံ၌လည်းကောင်း၊ ဂဠုန်ရပ်ကွက်၊ ဆင်ဖြူလမ်း၊ အ.မ.က (၁၂) ကျောင်းရှိ မဲရုံ (၁) ရုံ၌လည်းကောင်း၊ ဌာနာရပ်ကွက်၊ နှင်းဆီလမ်း၊ အလုံခန်းမရှိ မဲရုံ (၂) ရုံ၌လည်းကောင်း၊ အလုံလမ်း၊ ပြန်/ဆက်ရုံးရှိ မဲရုံ (၁) ၌လည်းကောင်း၊ ဆင်မင်းရပ်ကွက်၊ ဆင်မင်းလမ်း၊ အ.မ.က (၄) ကျောင်းရှိ မဲရုံ (၁) ရုံ၌လည်းကောင်း၊ သိပ္ပံလမ်းနှင့် ကွင်းကျောင်းလမ်းထောင့်၊ အ.မ.က (၂) ကျောင်းရှိ မဲရုံ (၁) ရုံ၌လည်းကောင်း၊ ကွင်းကျောင်းအားကစားကွင်း၊ ဆန္ဒန်လမ်းနှင့် ကွင်းကျောင်းလမ်းထောင့်ရှိ မဲရုံ (၁) ရုံ၌လည်းကောင်း၊ လွတ်လပ်ရေးရပ်ကွက်၊ သီရိမင်္ဂလာဥယျာဉ်အိမ်ရာ အားကစားကွင်းရှိ မဲရုံ (၁) ရုံ၌လည်ကောင်း၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်း၊ အ.ထ.က (၇) ကျောင်းရှိ မဲရုံ (၁) ရုံ၌လည်းကောင်း၊ ဧရာဝတီရပ်ကွက်၊ ကမ်းနားလမ်း၊ လူမှုဖူလုံရေးဝန်းရှိ မဲရုံ (၁) ရုံ၌လည်းကောင်း ပြည်သူများ မဲပေးလျက်ရှိသည်။

၂၀၂၅ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ၌ အလုံမြို့နယ်တွင် ရပ်ကွက် (၁၁) ရပ်ကွက်ရှိ မဲရုံစုစုပေါင်း (၂၀) ရုံဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများ ဆန္ဒမဲပေးခြင်းကို ရပ်ကွက်အလိုက် မဲရုံများတွင် ‌မဲပေးနေလျက်ရှိကြောင်း သိရသည်။

ရွှေလုံသား (ပြန်/ဆက်)