ဒက္ခိဏသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ လာရောက်မဲပေးလျက်ရှိ

ဒက္ခိဏ ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီအချိန်မှစ၍ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာမဲရုံမှူးများက မဲရုံမဖွင့်လှစ်မီ မဲရုံတာဝန်ရှိသူများက လွှတ်တော်တစ်ရပ်ချင်းစီအတွက် ထိန်းချုပ်စက်၊ ဆန္ဒပြုစက်နှင့် မဲပေးချက်ဖော်ပြသည့်စက် တို့ပါဝင်သော မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် မဲပေးနိုင်ရေးပြင်ဆင်ဆောင်ရွက်ခြင်း၊ ပြည်သူများ လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို မထိခိုက်စေရန် စနစ်တကျစီစဉ်ဆောင်ရွက်ပေးခဲ့ကြသည်၊၊

ထို့နောက် သက်ဆိုင်ရာ မဲရုံမှူးများက ပါတီကိုယ်စားလှယ်များ၊ ရပ်ကွက်/ ကျေးရွာကော်မရှင်နှင့် အများပြည်သူများရှေ့တွင် ဆန္ဒမဲပုံးအလွတ်များဖြစ်ကြောင်းပြသ၍ လုံခြုံရေးကြိုးများဖြင့် ပိတ်ပြီး ယနေ့နံနက် ၆ နာရီအချိန်တွင် မဲရုံဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ မဲရုံအသီးသီးတွင် မဲဆန္ဒရှင်ပြည်သူများမှ လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်အတွင်း ရပ်ကွက် ၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈ အုပ်စုရှိပြီး၊ မဲရုံပေါင်း ၁၈ ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၃၁၁၇၃ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

အောင်သူရဦး