တောင်ငူမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်းက တောင်ငူမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပန်းတောင်းမြို့နယ် ဥသျှစ်ပင်ကျေးလက်ကျန်းမာရေးဌာနတွင် မကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလတ်သူသူကျော်နှင့် ဥသျှစ်ပင်မြို့ကျေးလက်ကျန်းမာရေးဌာန ဝန်ထမ်းများက မကူးစက်တတ်သောရောဂါများနှင့်ပတ်သက်၍ ဖြစ်ပွားမှုနှုန်း၊ အန္တရာယ်နှင့် ကာကွယ်ကုသနည်းများကို သိရှိစေရန် ယမန်နေ့နံနက်ပိုင်းက ဥသျှစ်ပင်ကျေးလက်ကျန်းမာရေးဌာနတွင် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

သရက်ချောင်းမြို့နယ်၌ ရာသီဥတုပြောင်းလဲမှုသဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဥတုပြောင်းလဲမှု သဘာဝဘေးအန္တရာယ်နှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က အ.ထ.က(ခွဲ)တီတွတ်ပြင်ကျောင်းတွင် ကျင်းပသည်။

ထားဝယ်မြို့နယ်၌မိုးစပါးစိုက်ခင်းများတွင် သီးနှံများ အထွက် တိုးစေရေး ဆောင်ရွက်နေမှု အခြေအနေများအာ ကြည့်ရှုစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂၀၂၅-၂၀၂၆ခုနှစ် သမဝါယမကဏ္ဍမှ မိုးစပါး စီမံကိန်းဆောင်ရွက်သည့် ထားဝယ်မြို့နယ်၊ ဘုမ္မော်ရပ်ကွက်၊ အမှတ်- ၁၁/၈ ၌ ရွှေဝါမြေစိုက်ပျိုး ထုတ်လုပ်ရေးသမဝါယမအသင်းမှအသင်းသားတောင်သူဦးဟန်စိန်၏ မိုးစပါးစိုက်ခင်းများတွင် သီးနှံများအထွက် တိုးစေရေးဆောင်ရွက်နေမှုအခြေအနေများအားယမန်နေ့ညနေပိုင်းက တိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရွှေဝင်းနှင့် ထားဝယ်မြို့နယ် သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများကကြည့်ရှုစစ်ဆေးသည်။

လှည်းကူးမြို့နယ်၌ အခွန်ဆိုင်ရာအသိပညာပေးဆွေးနွေး

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ ရက်နေ့နံနက်(၁၀:၃၀)နာရီက အဆိုပါရုံး၌ ပြုလုပ်သည်။

ပုဇွန်တောင်မြို့နယ်၌ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင် ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့သည် မြို့နယ်အတွင်းရှိ ပုဂ္ဂလိကဆေးခန်းများ၊ ဘာသာရပ်သင်ကိုယ်ပိုင်ကျောင်းများ၊ ဟိုတယ်လုပ်ငန်းများ သတ်မှတ်လုပ်ငန်းလိုင်စင်ရှိ/မရှိ ယမန်နေ့နေ့လယ်ပိုင်းက ရှောင်တခင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းအမယ်( ၅)မျိုး ပေးအပ်ပွဲကို ယမန်နေ့နံနက် ၈ နာရီက ကန့်ဘလူမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

မြောက်ဥက္ကလာပမြို့နယ်၌ အမှတ်(၄)အခြေခံပညာ‌ အလယ်တန်းကျောင်းတွင် ကျန်းမာရေး အသိပညာပေးဟောပြော

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ်(၄)အခြေခံပညာ‌အလယ်တန်းကျောင်းတွင် ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြ‌‌သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏(၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ (၂/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အုတ်တွင်းမြို့နယ်၌ သမဝါယမကဏ္ဍ အစီအစဥ်ဖြင့်သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက် သီးနှံမြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနား

၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်း​မြို့နယ် သမဝါယမကဏ္ဍ အစီအစဥ်ဖြင့် သမဝါယမအသင်းသား တောင်သူများအား ဆောင်းဆီထွက်သီးနှံ မြေပဲပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် သမဝါယမ အသင်းစုရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Subscribe to