ကော့ကရိတ်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြော ပြိုင်ပွဲများ ကျင်းပ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ကျပန်းစကားပြောပြိုင်ပွဲများကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။