သံတောင်ကြီး ဒီဇင်ဘာ ၂၈
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆန္ဒမဲပေးခြင်းကို ဒီဇင်ဘာ(၂၈)ရက် နံနက်(၆)နာရီ မဲရုံစတင်ဖွင့်လှစ်ချိန်တွင် သံတောင်ကြီးမြို့ပေါ်ရပ်ကွက်တွင် ဖွင့်လှစ်ထားသောမဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများက အေးချမ်းစွာလာရောက်မဲပေးလျက်ရှိကြောင်း သိရသည်။
မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာမဲရုံများသို့လာရောက်၍ ဆန္ဒမဲများပေးကြရာတွင် မဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ တာဝန်ရှိသူများက စနစ်တကျဖြစ်အောင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)