ခိုလမ်မြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိ မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများဆန္ဒမဲပေး

ခိုလမ်  ဒီဇင်ဘာ  ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာ ခိုလမ်မြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စု မဲရုံအသီးသီးတို့၌ ယနေ့ နံနက်(၆)နာရီမှစ၍ မဲဆန္ဒရှင် ပြည်သူများအေးချမ်းစွာ ဆန္ဒမဲများပေးလျက် ရှိကြောင်းသိရသည်။

မဲဆန္ဒရှင် ပြည်သူများအနေဖြင့် မိမိတို့သက်ဆိုင်ရာမဲရုံ များသို့လာရောက်၍ ဆန္ဒမဲများပေးကြရာ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြသည်။

ခိုလမ်မြို့အုပ်ချုပ်မှုနယ်မြေအတွင်းရှိရပ်ကွက်/ကျေးရွာ အုပ်များတွင် မဲရုံစုစုပေါင်း(၂၀)ရုံ ဖွင့်လှစ်ထားပြီးဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၂၁၂၈၈) ဦးရှိကြောင်းနှင့်မဲဆန္ဒရှင် ပြည်သူများကလည်း သက်ဆိုင်ရာမဲရုံများအလိုက် မြန်မာ အီလက်ထရောနစ် မဲပေးစက်ဖြင့် လွတ်လပ်ပျော်ရွှင်စွာဖြင့် ဆန္ဒမဲပေးခဲ့ကြကြောင်း  သိရှိရသည်။

ကျော်ဇင် (ခိုလမ်၊ပြန်/ဆက်)