ခန္တီးမြို့၌ ပြည်သူများ လွတ်လပ်စွာစနစ်တကျဆန္ဒမဲပေး

ခန္တီး  ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဒီဇင်ဘာ(၂၈)ရက် နံနက်(၆)နာရီတွင် စတင်ဖွင့်လှစ်ရာ မဲဆန္ဒရှင်ပြည်သူများက လွှတ်တော်အသီးသီးအတွက် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ ဆန္ဒပြု‌ခဲ့ကြသည်။

မဲရုံများ၌ မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်စွာစနစ်တကျဆန္ဒမဲပေးနေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးသည်။ ခန္တီးမြို့ပေါ်ရပ်ကွက်(၃)ခုတွင် မဲရုံ(၇)ရုံနှင့်ကျေးရွာအုပ်စုများတွင် မဲရုံ(၃၀) စုစုပေါင်း မဲရုံ(၃၇)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၆၅၁၀ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ 

ကမ်းကီး(ပြန်/ဆက်)