ကြံခင်းမြို့၌ တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းနေကြာစိုက်ပျိုးပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၌ ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များက ရွာသစ်ရပ်ကွက်၊ တောင်သူ ဦးအောင်သူ၏ ကိုင်းမြေ (မြေနုကျွန်း) တွင် နေကြာမျိုးစေ့ထုတ်များပေးအပ်ခြင်းနှင့် စုပေါင်းစိုက်ပျိုးပွဲကို တက်ရောက်ကြသည်။