ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း လှိုင်းဘွဲမြို့နယ်အတွင်းရှိ မဲရုံများ ကြည့်ရှုစစ်ဆေး

လှိုင်းဘွဲ   ဇန်နဝါရီ  ၁၀

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကြည်သိန်း(ကရင်ပြည်နယ်တာဝန်ခံ)သည်  ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစောစံယဉ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများနှင့်အတူ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ  အပိုင်း(၂) ကျင်းပမည့် ရပ်ကွက်များ၊ တပ်တွင်းနှင့်ကျေးရွာအုပ်စုများအတွင်းရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် (၈)နာရီက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးရာ မြို့နယ်အတွင်းရှိမဲစာရင်းတွင် ပါဝင်သူစာရင်းများ၊ လွှတ်တော်အလိုက် မဲပေးစက်များ ခင်းကျင်းထားရှိမှုများ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှုးနှင့်တာဝန်ရှိသူများ၏ လိုအပ်ချက်များကို ညှိနှိုင်းဆွေးနွေးသည်။

လှိုင်းဘွဲမြို့နယ်တွင်ရပ်ကွက်/ကျေးရွာအုပ်စု(၆၇)အုပ်စုကို တိုက်နယ်အုပ်စု(၇)အုပ်စုခွဲ၍ မဲရုံစုစုပေါင်း(၁၄၉)ရုံတို့၌ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း ၁၆၃၂၁၇ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)