မော်လမြိုင်မြို့နယ်တွင် အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်ပြားများအား ပြည်သူများလက်ဝယ် အရောက်ပေးအပ်

မော်လမြိုင်မြို့နယ်တွင် အိန္ဒိယနွယ်ဖွားများအား ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးရရှိရေး အတွက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ရာ ကိုင်ဆောင်ခွင့်ရရှိသူများအား မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက်၊ ဆုတောင်းပြည့် ဧရိဂျေယမူသူး မာရီယပ္ပာန် မယ်တော်ကြီးမင်္ဂလာခန်းမ၌ ယနေ့နံနက်ပိုင်းက ပြည်သူများလက်ဝယ်အရောက် လာရောက်၍ ပေးအပ်ခဲ့ကြောင်း သိရသည်။

(၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသစ်ဖွင့်

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၇၄) နှစ်မြောက် ကယားပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လွိုင်ကော်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပပြုလုပ်မည့် မဲရုံများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုက မဲရုံများသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ ယမန်နေ့ နေ့လယ် ၃ နာရီချိန်က မဲရုံ ၁၁ ရုံသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖောင်းပြင်မြို့၌ မဲဆန္ဒရှင်များ ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ဆန္ဒမဲပေးနိုင်ရေး လှုံ့ဆော်သည့်အနေဖြင့် ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကလေးဝမြို့တွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် မဲဆန္ဒရှင်စာရင်း၌ ပါဝင်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ရောင်းချပေးခဲ့သည်။

စမ်းချောင်းမြို့နယ် လူထုအ‌‌ခြေပြုဗဟိုဌာန၌ ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁) နာရီက ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲကျင်းပခဲ့သည်။

မုံရွာမြို့ သန့်ရှင်းသယာလှပရေးနှင့် ဗိုလ်ချုပ်လမ်းမကြီး ဝဲယာသန့်ရှင်းသာယာလှပရေး၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် မုံရွာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ ယနေ့နံနက် ၁၀ နာရီက မုံရွာမြို့နယ် အောင်ချမ်းသာရပ်ကွက် ဘုရားသုံးဆူဓမ္မာရုံတွင် ကျင်းပပြုလုပ်သည့် မုံရွာမြို့သန့်ရှင်းသာယာလှပရေးနှင့် ဗိုလ်ချုပ်လမ်းမကြီး ဝဲယာအတွင်း သန့်ရှင်းသာယာလှပရေး၊ ကျန်းမာရေး၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ကမမောင်းမြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လက်တွေ့စမ်းသပ်မဲပေး 

‎ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက်  စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက အထက(က‌မမောင်း)ကျောင်းတွင် ပြုလုပ်သည်။

တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနိုင်စေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများထံ မဲရုံသုံးပစ္စည်းများ ပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်စေရေးအတွက် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက သက်ဆိုင်ရာရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များထံ မဲရုံသုံးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(BookClub)၏ (၁၀၂)ကြိမ်မြောက် စာဖတ်ဝိုင်းကျင်းပ

မုံရွာမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၏ (၁၀၂) ကြိမ်မြောက် စာဖတ်ဝိုင်းအခမ်းအနားကို ဇန်နဝါရီလ ၁၀ ရက်နေ့နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to