ဖြူးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်ခြင်းများ ဆောင်ရွက်ပေး

ဖြူး ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ် ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်ဆီး၊ လဲလှယ်ခြင်းတို့အား One Stop Service ဖြင့် ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာစည်ပင်ခန်းမတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြူးမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ဆောင်ရွက်ပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးကိုတင့်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ကြည့်ရှု၍ အထောက်အထား ပြည့်စုံစွာ လာရောက်ပြုလုပ်သူများအား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည့် နိုင်ငံသားစိစစ်​ရေးကတ် (၁၃၄)ကတ်အား လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)