လှိုင်သာယာ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၈ ရက်နေ့ နံနက် (၉) နာရီက လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ် အမှတ် (၁၁) အခြေခံပညာမူလတန်းကျောင်းဟောခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်း၊ အတွင်းပဒံကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားကို ဗုဒ္ဓပူဇနိယသီချင်းဖြင့် စတင်ဖွင့်လှစ်ကာ မြို့နယ်ပညာရေးမှူး ဦးကြည်ထွန်းက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ကျောင်းအုပ်ဆရာကြီးဦးဝင်းမောင်က ပညာရည်ချွန်ဆုပေးပွဲကျင်းပရခြင်းအတွက် ဂုဏ်ပြုစကားပြောကြားပြီး၊ အတွင်းပဒံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဌေးက မုဒိတာစကားပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရည်ချွန်ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ကျောင်းသား/ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဥ်အဖြစ် တေးသီချင်းများဖြင့် သီဆို/ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)