ဒဂုံ ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်အတွင်းရှိ မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား ဇန်နဝါရီ ၈ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့ဝင်များက တည်နေရာအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအား တည်နေရာအလိုက် ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းနှင့် အဖွဲ့ဝင်များ၊ လျှပ်စစ်မန်နေဂျာ ဦးသိန်းထိုက်ဇော်၊ စည်ပင်သာယာရေးကော်မတီအုပ်ချုပ်ရေးမှူး ဦးလှိုင်မျိုး၊ ရွေးကောက်ပွဲအရာရှိ ဒေါ်မြသဲငုံ၊ ဒုတိယဥပဒေအရာရှိ ဒေါ်သီသီဟန်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လိုက်ပါစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ဒဂုံမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မဲရုံ (၁၄) ရုံရှိကြောင်း သိရှိရသည်။ အဆိုပါအဖွဲ့က မဲရုံများ၏ လျာထားသည့် လူဦးရေနှင့် ဝင်ဆံ့နိုင်မှု ရှိ/မရှိ၊ မဲဆန္ဒရှင်များ မဲပေးရာတွင် အချိန်နှောင့်နှေးမှု ရှိ/မရှိ၊ မဲရုံအကျယ်အဝန်း၊ သန့်ရှင်းသက်ရပ်မှု၊ မဲရုံတည်နေရာများ သွားလာရလွယ်ကူသည့် နေရာများ ဟုတ်/မဟုတ်၊ လုံခြုံမှု ရှိ/မရှိ၊ လျှပ်စစ်မီးရရှိရေးအစရှိသည့် မဲရုံးများ ကြိုတင်ပြင်ဆင်ရမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကောင်းမြတ်ထွန်းက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
ဉာဏ်မင်းပြည့် (ပြန်/ဆက်)