စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်း၊ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့၀င်များ၊ ဒေသပညာရေးမှူးဦးထိန်လင်း၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေခြည်ဖြိုးတို့လိုက်ပါ၍ ယမန်နေ့ညနေ ၆ နာရီအချိန် လဟယ်မြို့ စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့တွင် (Grade-12) အောင်ချက်မြင့်မားရေး စခန်းသွင်းစာကျက်ဝိုင်းဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသားကျောင်းသူများအတွက် အာဟာရမုန့်များနှင့် လိုအပ်သည်များလှူဒါန်းပေးခဲ့ကြောင်း သိရသည်။